The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 26 › ယေဇကျေလအနာဂတ္တိကျမ်း 26:16

ယေဇကျေလအနာဂတ္တိကျမ်း 26:16

သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ် က ဆင်း၍၊ အင်္ကျီတော်ကို၎င်း၊ ချယ်လှယ်သော အဝတ် တော်ကို၎င်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကို ဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

Then all the princes of the sea shall come down from their thrones, and lay away their robes, and put off their broidered garments: they shall clothe themselves with trembling; they shall sit upon the ground, and shall tremble at every moment, and be astonished at thee.

In Context

15တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ်၍၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။

17သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ် သားနေ၍ ပင်လယ်၌ အားကြီးသော မြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 26

Cross References

Exodus 33:4ထို မကောင်းသော သိတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ၏။

Job 8:22သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။

Psalms 109:18အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။

Psalms 132:18ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

Isaiah 14:9သင်သည် ရောက်လာသောအခါ၊ အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ၏။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့ကို ရာဇပလ္လင် တို့မှ ထစေ၏။

Isaiah 47:1အိုဗာဗုလုန်သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့် ၌ထိုင်လော့။ အိုခါလဒဲသတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာ ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူ ဟူ၍ နောက်တဖန်မခေါ်ရ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 26:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 26:15ယေဇကျေလအနာဂတ္တိကျမ်း 26ယေဇကျေလအနာဂတ္တိကျမ်း 26:17 →