The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 26 › ယေဇကျေလအနာဂတ္တိကျမ်း 26:20

ယေဇကျေလအနာဂတ္တိကျမ်း 26:20

ရှေးလူဟောင်းတို့ နေရာမြေတွင်းထဲသို့ ဆင်း သော သူတို့နှင့်အတူ သင့်ကိုငါ နှိမ့်ချ၍၊ သင်၌လူမနေစေ ခြင်းငှါ မြေတွင်းထဲသို့ဆင်းသောသူတို့နှင့်အတူ၊ ရှေး ကာလမှစ၍ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ ၌ ငါ့ဘုန်းကို ငါဖွင့်မည်။

1835 Judson Burmese Bible

In The King James Version

When I shall bring thee down with them that descend into the pit, with the people of old time, and shall set thee in the low parts of the earth, in places desolate of old, with them that go down to the pit, that thou be not inhabited; and I shall set glory in the land of the living;

In Context

19အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက်၊ ပင်လယ်ကိုသင့်အပေါ်သို့ ဆောင်ခဲ့၍၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ၊

21သင်မူကား၊ ကြောက်မက်ဘွယ်သော အရာဖြစ် ၍၊ နောက်တဖန် အဘယ်သူမျှရှာ၍ မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 26

Cross References

Numbers 16:30သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊

Job 30:3ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ၏။

Psalms 28:1အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။

Isaiah 4:5ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။

Isaiah 59:10မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ် ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။

Ezekiel 28:25တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 26:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 26:19ယေဇကျေလအနာဂတ္တိကျမ်း 26ယေဇကျေလအနာဂတ္တိကျမ်း 26:21 →