ယေဇကျေလအနာဂတ္တိကျမ်း 27:13
ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
14တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 27
Cross References
Genesis 10:4ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
1 Chronicles 1:7ယာဝန်သားကား ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒါနိမ်တည်း။
Ezekiel 27:19ဝေဒန်မြို့နှင့်ယာဝန်ပြည် ဥဇာလမြို့သည် လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။
Ezekiel 38:2အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
Daniel 8:21အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပဌမမင်းဖြစ်၏။
Daniel 11:2ယခုမူကား၊ မှန်သောအရာကိုငါပြမည်။ ပေရသိ နိုင်ငံကို အစိုးရသော ရှင်ဘုရင် သုံးပါးပေါ် လေဦးမည်။ စတုတ္ထရှင်ဘုရားမူကား၊ ထိုသူ ရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေ ခြင်းငှါ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။