ယေဇကျေလအနာဂတ္တိကျမ်း 3:13
တခုနှင့်တခုစပ်လျက်ရှိသော သတ္တဝါတို့၏ အတောင်များမြည်သံကို၎င်း၊ သူတို့အနားမှာ ဘီးများ မြည်သံကို၎င်း၊ ကြီးစွာသော လှုပ်ရှားခြင်းအသံကို၎င်း ငါကြားရ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 3
Cross References
1 Kings 7:30ခုံတခု၌ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ၏။ အင်တုံတင်စရာဘို့ ခုံလေးထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။
Ezekiel 1:24သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏။
Ezekiel 10:16ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှ တက်အံ့သောငှါ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့ သည် မကွာဘဲလိုက်ကြ၏။