ယေဇကျေလအနာဂတ္တိကျမ်း 30:3
ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုဃ်းအုံသော နေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 30
Cross References
Exodus 14:20ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကို ပေးလျက်နေသဖြင့်၊ တညဉ့်လုံး တပ်တဦးနှင့်တဦး မချဉ်းနိုင်ရာ။
Psalms 37:13သို့သော်လည်း သူ၏ နေ့ရက်အချိန်ရောက်မည် ကို ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။
Psalms 149:7တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။
Isaiah 13:9ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။
Isaiah 24:21ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအ ရပ်၌ မြင့်သောအလုံးအရင်းကို၎င်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို၎င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။
Jeremiah 25:15ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။