ယေဇကျေလအနာဂတ္တိကျမ်း 31:6
မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 31
Cross References
Ezekiel 17:23အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါ စိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကို သီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌၎င်း၊ အခက်အလက်အရိပ်၌၎င်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။
Daniel 4:21အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန် တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင် သည်၊