The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 32 › ယေဇကျေလအနာဂတ္တိကျမ်း 32:25

ယေဇကျေလအနာဂတ္တိကျမ်း 32:25

မိမိအလုံးအရင်းနှင့် အိပ်၍သူတို့ သင်္ချိုင်းတွင်း တို့သည် ပတ်လည်၌ ရှိကြ၏။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ထားခြင့် သေကြ ၏။ အသက်ရှင်သောသူတို့၏ နေရာ၌သူတပါးကို ကြောက်စေတတ်သော်လည်း၊ မြေတွင်းထဲသို့ ဆင်သွား သော သူတို့နှင့်အတူ အရှက်ကွဲသဖြင့်၊ သေသောသူတို့နှင့် အတူ နေရာကျကြ၏။

1835 Judson Burmese Bible

In The King James Version

They have set her a bed in the midst of the slain with all her multitude: her graves are round about him: all of them uncircumcised, slain by the sword: though their terror was caused in the land of the living, yet have they borne their shame with them that go down to the pit: he is put in the midst of them that be slain.

In Context

24ထိုအရပ်၌ ဧလံနှင့်သူ၏ သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ထားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီး ခြင်းကိုမခံသော လူဖြစ်၍မြေအောက်အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့် အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျ ကြ၏။

26ထိုအရပ်၌ မိမိအလုံးအရင်းရှိသမျှတို့နှင့်အတူ မေရှက်လည်း ရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်း တို့သည် ပတ်လည်၌ရှိကြ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ သူတပါးကိုကြောက်စေတတ်သော်လည်း ထိုသူ ရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ထားဖြင့် သေလျက်နေကြ၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 32

Cross References

1 Chronicles 10:4လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ထားကို ထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေ ဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆိုသော်လည်း၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျား ပေါ်မှာ လှဲ၍သေ၏။

Ezekiel 32:19သင်သည် သူတပါးထက်သာ၍လှသလော။ အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာကျလော့။

Ezekiel 44:7သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။

Luke 12:4ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။

Revelation 2:22ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 32:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 32:24ယေဇကျေလအနာဂတ္တိကျမ်း 32ယေဇကျေလအနာဂတ္တိကျမ်း 32:26 →