ယေဇကျေလအနာဂတ္တိကျမ်း 33:6
သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက် ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 33
Cross References
Genesis 42:22ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
Proverbs 14:32မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
Jeremiah 14:15ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
Ezekiel 18:20ပြစ်မှားသောသူသည် အသေခံရမည်။ သား သည် အဘ၏အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ် ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို၎င်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို၎င်း ခံရလိမ့်မည်။
Ezekiel 33:8ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကိုသင်၌ ငါတောင်းမည်။
John 8:21တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြ လိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။