ယေဇကျေလအနာဂတ္တိကျမ်း 33:9
သို့မဟုတ်။ လူဆိုးကိုသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 33
Cross References
Proverbs 15:10လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။
Ezekiel 3:19သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို၎င်း၊ မိမိလိုက်သော အဓမ္မလမ်းကို၎င်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ။
Luke 12:47အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ၏။
Acts 13:40အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။
Acts 18:5သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။
Acts 28:23နေ့ရက်ကိုချိန်းချက်၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင် သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ၏။