ယေဇကျေလအနာဂတ္တိကျမ်း 34:4
အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 34
Cross References
Isaiah 56:10သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
Jeremiah 22:13မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည် အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။
Ezekiel 19:7သူတို့ မုဆိုးများကိုသိ၍၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။
Ezekiel 34:16ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Matthew 9:36အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။
Matthew 18:12အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။