ယေဇကျေလအနာဂတ္တိကျမ်း 36:10
သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
9ငါသည်သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ ကြဲကြလိမ့်မည်။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 36
Cross References
Isaiah 27:6နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့် မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံ ထွက်သ ဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။
Isaiah 49:17သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည်။
Isaiah 52:9ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီ တညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနှုတ်တော်မူပြီ။
Isaiah 61:4ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်။
Jeremiah 31:10အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
Jeremiah 33:12ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသော ဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။