ယေဇကျေလအနာဂတ္တိကျမ်း 38:4
သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ် နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။
1835 Judson Burmese Bible
In The King James Version
In Context
5အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊
Read all of ယေဇကျေလအနာဂတ္တိကျမ်း 38
Cross References
2 Kings 19:28ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
2 Chronicles 25:5အာမဇိမင်းသည် ယုဒလူတို့ကို စုဝေးစေ၍ ယုဒ လူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။ အသက် နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သောစစ်သူရဲ ကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ ၏။
Jeremiah 46:9မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
Ezekiel 29:4သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
Ezekiel 39:2သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက် မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။