The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 39 › ယေဇကျေလအနာဂတ္တိကျမ်း 39:10

ယေဇကျေလအနာဂတ္တိကျမ်း 39:10

ထိုကာတွင် ဥယျာဉ်တော်၌ထင်းမခွေ၊ တော၌ ထင်းမခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့် မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

So that they shall take no wood out of the field, neither cut down any out of the forests; for they shall burn the weapons with fire: and they shall spoil those that spoiled them, and rob those that robbed them, saith the Lord GOD.

In Context

9ဣသရေလမြို့တို့၌ နေသောသူတို့သည် ထွက် သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။

11ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂ နှင့်သူ၏လူ အလုံးအရင်းရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည်။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 39

Cross References

Exodus 3:22အကြောင်းမူကား၊ မိန်းမတိုင်းမိမိအိမ်နီးချင်း၊ မိမိအိမ်မှာ တည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကို တောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

Isaiah 14:2တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည် တော်တွင်၊ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့် မည်။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။

Micah 5:8ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြ လိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း၍ ကိုက်စားတတ်၏။

Habakkuk 3:8အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ် ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။

Zechariah 14:14ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည်။

Revelation 13:10သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ထားဖြင့်သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း၊ ယုံကြည်စရာအကြောင်းရှိ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 39:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 39:9ယေဇကျေလအနာဂတ္တိကျမ်း 39ယေဇကျေလအနာဂတ္တိကျမ်း 39:11 →