ယေဇကျေလအနာဂတ္တိကျမ်း 39:27
ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက်စေသော သူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့်၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
26သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊
Read all of ယေဇကျေလအနာဂတ္တိကျမ်း 39
Cross References
Isaiah 5:16ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။
Ezekiel 28:25တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။
Ezekiel 37:21အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။
Ezekiel 38:23ထိုသို့ငါသည် ကိုယ်ကိုချီးမြော်က၍ ရိုသေဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာသောလူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Ezekiel 39:25ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည်။