ယေဇကျေလအနာဂတ္တိကျမ်း 4:16
တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သော စိတ်နှင့်စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
15လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့်သင့်မုန့်ကို ဖုတ်ရမည်ဟု မိန့်တော်မူ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 4
Cross References
Leviticus 26:26သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏ မုန့်ကို မီးဖိုတဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။
2 Kings 25:3ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
Psalms 105:16တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊
Lamentations 1:11သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။
Lamentations 5:9တော၌ထားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
Ezekiel 5:16သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌၎င်း၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌၎င်း၊