ယေဇကျေလအနာဂတ္တိကျမ်း 4:7
သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက် ၌ ပရောဖက်ပြုရမည်။
1835 Judson Burmese Bible
In The King James Version
In Context
8ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 4
Cross References
Isaiah 52:10ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုး တို့ ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူ သဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတံ့။
Ezekiel 5:2မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။
Ezekiel 21:2အချင်းလူသား၊ ယေရုရှလင်မြို့ကို မျက်နှာ ပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တဘက်၌ မြွက်ဆို ၍ ဣသရေလပြည်တဘက်၌ ဟောပြောလော့။