ယေဇကျေလအနာဂတ္တိကျမ်း 40:25
အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 40
Cross References
1 Kings 7:4အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
Ezekiel 40:21အခန်းတို့သည် တဘက်တချက်၌ သုံးခန်းစီ ရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
Ezekiel 40:33အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
1 Corinthians 13:12ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။