ယေဇကျေလအနာဂတ္တိကျမ်း 40:3
ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 40
Cross References
Isaiah 8:20တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။
Ezekiel 1:7ခြေထောက်သည် ဖြောင့်သေည ခြေထောက်ဖြစ်၏။ ခြေဘဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နျာအတောင်အောက်၌ လူလက်ရှိ၏။
Ezekiel 8:2ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား၏။ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း၌ မီးအရောင်ကဲ့သို့၎င်း၊ အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့၎င်း ထင်ရှား၏။
Daniel 10:5မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင်၏။
Revelation 1:15ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။
Revelation 21:15ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း တိုင်းခြင်းငှါ၊ တိုင်းစရာ ရွှေကျူလုံးပါ၏။