ယေဇကျေလအနာဂတ္တိကျမ်း 40:7
အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
8အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 40
Cross References
1 Kings 6:5အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
1 Chronicles 23:28အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန် သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏ အိမ်တော်နှင့်တန်တိုင်းများ၊ အခန်းများ၌အမှုကို ဆောင် ရွက်ရကြမည်။
2 Chronicles 31:11ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊
Jeremiah 35:4ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏ အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေး ရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင်၊
Ezekiel 40:33အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
Ezekiel 42:5အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။