ယေဇကျေလအနာဂတ္တိကျမ်း 42:1
ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
2ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တရာ၊ အနံအတောင်ငါးဆယ်ရှိကြ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 42
Cross References
Ezekiel 40:17ထိုနောက်၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ၏။
Ezekiel 40:24ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။
Ezekiel 41:9ထရံအခန်းပြင်ဘက်၌ကာသော ထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
Ezekiel 41:12လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
Ezekiel 42:10အိမ်တော်တောင်ဘက်၊ လွတ်လပ်သော အရပ် ကို ကာသော တန်တိုင်းနံရံ၌လည်း အခန်းများရှိကြ၏။
Revelation 11:2ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။