ယေဇကျေလအနာဂတ္တိကျမ်း 44:24
တရားတွေ့မှုကိုစီရင်လျှင်၊ ငါ၏ဓမ္မသတ် အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း စောင့်ရှောက်ရကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Leviticus 23:2သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား၏ ပွဲတော်များဟူမူကား၊-
Deuteronomy 17:8သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊
1 Chronicles 23:4ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရ ကြ၏။
Ezra 2:63ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
Isaiah 58:13သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သော နေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကို ရိုသေလျှင်၊
Ezekiel 46:9ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သော တံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။