ယေဇကျေလအနာဂတ္တိကျမ်း 44:30
အဦးသီးသောအသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက် ရောက်စေခြင်းငှါ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌ လှူရမည်။
1835 Judson Burmese Bible
In The King James Version
In Context
31ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသော အကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Exodus 13:12သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။
Exodus 23:19သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
Numbers 15:19ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။
Numbers 18:12ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံး သော စပျစ်ရည်၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ။
Deuteronomy 18:4အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။
2 Chronicles 31:4ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရ ဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရု ရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ၏။