ယေဇကျေလအနာဂတ္တိကျမ်း 5:10
သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
9သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင်၌ စီရင်မည်။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 5
Cross References
Leviticus 26:29သင်တို့သည် ကိုယ်သားသမီးတို့၏ အသားကို စားရကြလိမ့်မည်။
Deuteronomy 4:27ထာဝရဘုရားသည်လည်း၊ သင်တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော် မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည်။
Deuteronomy 28:64ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
2 Kings 6:29ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
Psalms 44:11ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ၏။
Isaiah 49:26သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့၏အသား နှင့် ငါကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။