ယေဇကျေလအနာဂတ္တိကျမ်း 7:10
နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 7
Cross References
Numbers 17:8နက်ဖြန်နေ့၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။
Proverbs 14:3မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။
Isaiah 10:5အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။
Isaiah 28:1စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။
Ezekiel 12:23သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက် ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့။
Ezekiel 21:10ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေး လေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။