ယေဇကျေလအနာဂတ္တိကျမ်း 7:12
အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 7
Cross References
Isaiah 21:12ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့် လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။
Isaiah 24:2ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့ ၎င်း၊ သခင်သည် ကျွန်ကဲ့သို့၎င်း၊ သခင်မသည် ကျွန်မကဲ့ သို့၎င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့၎င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့၎င်း၊ အတိုးစား သောသူသည် အတိုးပေးသောသူကဲ့သို့၎င်း ဖြစ်ရ လိမ့် မည်။
Jeremiah 32:7သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊
Ezekiel 6:11အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ ကြောင့်၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူ ကား၊ သူတို့သည်ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေး တို့ဖြင့်လဲ၍ သေကြလိမ့်မည်။
Ezekiel 7:10နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။
Ezekiel 12:23သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက် ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့။