ယေဇကျေလအနာဂတ္တိကျမ်း 8:2
ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား၏။ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း၌ မီးအရောင်ကဲ့သို့၎င်း၊ အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့၎င်း ထင်ရှား၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 8
Cross References
Ezekiel 1:4ငါကြည့်ရှု၍၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ၏။
Ezekiel 1:27ပလ္လင်အတွင်း၌၎င်း၊ ပတ်လည်၌၎င်း၊ ခါး သဏ္ဍာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင် နှင့်မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီး အရောင်ကဲ့သို့ ထင်ရှား ၍ ပတ်လည်၌ ထွန်းတောက်လေ၏။
Daniel 7:9ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ၏။ ပလ္လင် တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။
Revelation 1:14ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း ၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။