ယေဇကျေလအနာဂတ္တိကျမ်း 9:5
အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက် ခြင်းမရှိကြနှင့်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 9
Cross References
Exodus 32:27မောရှေကလည်း၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီး အသီး မိမိ ညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊
Deuteronomy 32:39ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။
1 Kings 18:40ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဘမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
Isaiah 22:14ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ် ပေးတော်မူသည်ကား၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေ မရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘု ရား မိန့်တော်မူ၏။
Ezekiel 7:4ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည်။
Ezekiel 8:18ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကို လွှတ်လိုက်မည်။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။