ဧဇရမှတ်စာ 5:3
ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
4ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည် ကား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊
Cross References
Ezra 1:3သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
Ezra 4:12အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသော ယုဒလူတို့သည် ဆိုးညစ်၍၊ ပုန်ကန်တတ်သော ယေရု ရှလင်မြို့ကို တည်လျက်၊ မြို့ရိုးအမြစ်ကိုချ၍ လက်စသတ် လုသည်ကို သိမှတ်တော်မူပါ။
Ezra 5:9ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍၎င်း၊
Ezra 6:13ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော် အတိုင်း၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာ ဗောဇနဲနှင့် သူတို့အပေါင်းအဘော်တို့သည် အလျင် အမြန်ပြုကြ၏။
Nehemiah 2:7တဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ် အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။
Acts 4:7တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။