ဧဇရမှတ်စာ 9:8
ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန် ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 14:27သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
2 Kings 19:4အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိရှင်ဘုရင်စေလွှတ်သော မိမိကျွန်ရှဗ ရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရ ဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊
Ezra 9:9အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရား သခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ် ခြင်းငှါ၎င်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏အိမ်ထောင်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါ၎င်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်း ငှါ၎င်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူး ပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။
Nehemiah 1:11အို ဘုရားရှင်၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင် ဘုရင်၏ ဖလားတော်ကို ဖြစ်သတည်း။
Job 33:30သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
Psalms 13:4အကျွန်ုပ်၏ရန်သူက၊ ငါနိုင်ပြီဟုဆို၍၊ အကျွန်ုပ် ကို နှောင့်ရှက်သော သူတို့သည် အကျွန်ုပ်လှုပ်ရှားသည် ကို ဝမ်းမြောက်ကြပါလိမ့်မည်။