ဂလာတိဩဝါဒစာ 3:13
ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 21:23အသေ ကောင်ကို သစ်တိုင် ၌ တညဉ့်လုံး မ ထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ် ရမည်။ သစ်တိုင်၌ ဆွဲ ထားခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသောသူဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် သည် မ ညစ်ညူး စေမည် အကြောင်း ထိုသို့ ပြုရမည်။
2 Samuel 17:23အဟိသောဖေလ သည် မိမိ ပေးသောအကြံ သို့ မ လိုက် ကြသည်အကြောင်း ကို သိမြင် သောအခါ ၊ မြည်း ကို ကုန်းနှီးတင် စေပြီးလျှင် ထ ၍ မိမိ နေရင်းမြို့ မိမိ အိမ် သို့ သွား သဖြင့် အိမ်မှု အိမ်ရေးများကို စီရင် ပြီးမှ လည် ကြိုး တပ်၍ သေ လေ၏။ ဘိုးဘေး တို့သင်္ချိုင်း ၌ သဂြိုဟ် ကြ၏။
2 Samuel 18:14ယွာဘ က၊ သင် နှင့်အတူ ငါမ နေ အားဟု ဆို လျက် လှံယဉ် သုံး စင်း ကိုကိုင်ယူ ၍ သပိတ် ပင်အလယ် ၌ အသက် ရှင်လျက်ရှိသောအဗရှလုံ ၏ နှလုံး ကို ထုတ်ချင်းခပ် ထိုးလေ၏။
2 Samuel 21:9ဂိဗောင် လူတို့လက် သို့ အပ် သဖြင့် ၊ သူတို့သည် တောင် ပေါ် တွင် ထာဝရဘုရား ရှေ့ တော်၌ ဆွဲထား ၍ ၊ ထိုသူ ခုနစ် ယောက်တို့သည် မုယော စပါး ရိတ် စ ကာလ၊ တနေ့ ခြင်းတွင် အသေ သတ်ခြင်းကို ခံရ၍ တပြိုင်နက် သေ ကြ၏။
Esther 7:10ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။
Isaiah 55:5ကြည့်ရှုလော့။ သင်သည် မ သိ ဘူးသော လူမျိုး ကို ခေါ် လိမ့်မည်။ သင့် ကို မ သိ ဘူးသော လူမျိုး တို့သည်လည်း ၊ သင် ၏ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကြောင့် ၊ သင့် ထံသို့ ပြေး လာကြလိမ့်မည်။ ထိုဘုရားသည် သင် ၏ဘုန်း ကို ပွင့်စေတော်မူ၏။