ဂလာတိဩဝါဒစာ 5:18
သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
But if ye be led of the Spirit, ye are not under the law.
In Context
Cross References
Psalms 25:4အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ။
Psalms 143:8ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ။ ကိုယ်တော်၌ကိုးစားပါ၏။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ၏။
Isaiah 48:16ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြ လော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ၏။
John 16:13သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။
Romans 7:4ထိုနည်းတူ၊ ငါညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက် တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့်ကွာကြ၏။
Romans 8:14ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။