ဂလာတိဩဝါဒစာ 5:22
ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
1835 Judson Burmese Bible
In The King James Version
But the fruit of the Spirit is love, joy, peace, longsuffering, gentleness, goodness, faith,
In Context
23နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။
Cross References
Psalms 1:3အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
Hosea 14:8ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။သူ၏စကားကိုလည်း ငါနားထောင်၍ သူ့ကိုကြည့်ရှုမည်။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည်။
Matthew 12:33အသီးအားဖြင့် အပင်၏သဘောထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။
Luke 13:9အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့် တော်မူ၏။
John 15:5ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။
Romans 5:1ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။