ကမ္ဘာဦးကျမ်း 1:21
ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုး အလိုက် များပြား စွာ မွေးဘွား၍၊ ငါးကြီး အစ ရှိသော အသက်ရှင် ၍ လှုပ်ရှား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း၊ ပျံ တတ်သော ငှက် မျိုးအပေါင်း တို့ကို၎င်း ဘုရား သခင်ဖန်ဆင်း ၍၊ ထို အမူအရာကောင်း သည်ကို မြင် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 1:18ထို အမှုအရာ ကောင်း သည်ကို ဘုရား သခင် မြင် တော်မူ၍၊
Genesis 1:31ဘုရား သခင်သည် မိမိဖန်ဆင်း သမျှ သောအရာတို့ကို ကြည့်ရှု လျှင် ၊ အလွန် ကောင်း သည်ကို မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် ဆဌမ နေ့ ရက်ဖြစ် လေ၏။
Genesis 6:20ငှက် လည်းအမျိုး အလိုက် ၊ သားလည်း အမျိုး အလိုက် ၊ တွား တက်သော တိရစ္ဆာန်အပေါင်း လည်း အမျိုး အလိုက် ၊ အထီးအမ၊ အစုံ တို့သည် အသက် ချမ်းသာစေခြင်းငှါ ၊ သင့် ထံသို့ လာ ကြလိမ့်မည်။
Genesis 8:17သင် ထံမှာ အသက် ရှင်သော တိရစ္ဆာန် ၊ ငှက် များ၊ သား များ မြေ ပေါ် ၌ တွား တတ်သောတိရစ္ဆာန်များ တို့သည်၊ မြေ ပေါ် မှာသားကိုမွေး ၍ အလွန် တိုးပွား များပြား မည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ် နှင့်အတူ ထုတ် ဆောင်လော့ဟု၊ နောဧ ကို မိန့် တော်မူ၏။
Genesis 9:7သင် တို့သည် သားကိုဘွား ၍ များပြား ကြလော့။ မြေ ပေါ် မှာ အလွန်မွေးဘွား ၍ များပြား ကြလော့ဟု မိန့် တော်မူ၏။
Exodus 8:3မြစ် သည်လည်း များစွာ သော ဘား တို့ကိုဘွား၍၊ သူတို့သည် သင် ၏အိမ် ၌၎င်း ၊ အိပ် ခန်း ၌ ၎င်း ၊ အိပ်ရာ ပေါ် ၌၎င်း ၊ သင် ၏ကျွန် တို့ အိမ် ၌ ၎င်း ၊ သင် ၏လူ တို့အပေါ် ၌၎င်း ၊ သင် ၏မီးဖို ၌ ၎င်း ၊ မုန့် နယ်သော ခွက်၌ ၎င်း တက် ကြလိမ့်မည်။