ကမ္ဘာဦးကျမ်း 10:19
ခါနာန် အမျိုးသားနေရာ ပြည်နယ်သည် ဇိဒုန် မြို့မှ ဂေရာ မြို့၊ ဂါဇ မြို့တိုင်အောင် ၎င်း တဖန်သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့ ဇောဘိုင် မြို့ကိုလွန်၍ လာရှ မြို့ တိုင်အောင် ၎င်း ရှိ သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
18အာဝဒိ လူ၊ ဇေမရိ လူ၊ ဟာမသိ လူတည်း။ ထိုနောက် ခါနာန် အမျိုးသားအသီးသီး တို့သည် နှံ့ပြား ကြ လေ၏။
Cross References
Genesis 14:2သောဒုံ မင်းကြီး ဗေရ ၊ ဂေါမောရ မင်းကြီး ဗိရရှ ၊ အာဓမာ မင်းကြီး ရှိနပ် ၊ ဇေဘိုင် မင်းကြီး ရှေမဘာ ၊ ဗေလာ မင်းကြီး တို့နှင့် စစ် တိုက် ကြ၏။ ဗေလပြည်ကား ၊ ဇောရ အမည်လည်းရှိသတည်း။
Genesis 18:20တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊
Genesis 20:1တဖန် အာဗြဟံ သည် တောင် ပြည် သို့ ခရီးသွား သဖြင့် ၊ ကာဒေရှ မြို့နှင့် ရှုရ မြို့စပ်ကြား မှာနေ ၍ ၊ ဂေရာ မြို့ သို့ တည်းခို ၏။
Numbers 34:2သင် တို့သည် ခါနာန် ပြည် သို့ ရောက် ကြသောအခါ ၊ သင်တို့အမွေ ခံရ သော ခါနာန် ပြည်နယ် အပိုင်းအခြား ဟူမူကား၊
Deuteronomy 32:8အမြင့်ဆုံး သော ဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုး တို့ကို ပိုင်းခြား ၍ အမွေ မြေ ကို ဝေပေးသောအခါ ၊ ဣသရေလ အမျိုးသား တို့ အရေအတွက် ကို ထောက်ရှု ၍၊ လူမျိုး တို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
Joshua 14:1ခါနာန် ပြည် ၌ လည်း ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုး အနွယ်တို့၌ မင်း ဖြစ်သောသူတို့သည် အမွေ ဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေ ခံရကြ၏။