ကမ္ဘာဦးကျမ်း 11:31
တေရ သည်သား အာဗြံ ကို၎င်း ၊ ခါရန် ၏သား ဖြစ်သောမြေး လောတ ကို၎င်း ၊ သားအာဗြံ ၏မယား ဖြစ် သော မိမိ ချွေးမ စာရဲ ကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန် ပြည် သို့ သွား ခြင်းငှါ ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ ထွက် သဖြင့်၊ ခါရန် မြို့သို့ ရောက် ၍ နေ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
30စာရဲ မူကား မြုံ သော မိန်းမဖြစ် ၍ သားသမီး မ ရှိ။
32တေရ သည် အသက် နှစ် ပေါင်းနှစ် ရာငါး နှစ် ရှိ သော်၊ ခါရန် မြို့၌ သေ လေ၏။
Cross References
Genesis 11:26တေရ သည် အသက် ခုနစ် ဆယ်ရှိ သော်၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
Genesis 12:4ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အာဗြံ ထွက်သွား ၍ လောတ လည်းလိုက် လေ၏။ အာဗြံ သည် ခါရန် မြို့မှ ထွက်သွား သောအခါ အသက် ခုနစ် ဆယ်ငါး နှစ် ရှိ၏။
Genesis 14:12သောဒုံ မြို့၌ နေ သောအာဗြံ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ တို့ကိုလည်း သိမ်းယူ ၍ သွား ၏။
Genesis 24:10ထိုကျွန် သည်လည်း ၊ မိမိ သခင်၏ဥစ္စာ ရှိသမျှ ကို စီရင် သော သူဖြစ်၍၊ သခင် ၏ကုလားအုပ် စုထဲက ၊ ကုလားအုပ် ဆယ် စီးကိုယူ ၍ထ သွား သဖြင့် ၊ မေသောပေါဘာမိ တိုင်း၊ နာခေါ် မြို့ သို့ ရောက် လေ၏။
Genesis 27:43ထိုကြောင့် ၊ ငါ့ သား ၊ ငါ့ စကား ကို နားထောင် ပါ။ ငါ့ မောင် လာဗန် နေရာခါရန် မြို့သို့ ထ ၍ ပြေး သွား ပါလော့။
Genesis 29:4ယာကုပ် ကလည်း ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အဘယ် အရပ်က လာကြသနည်းဟုမေး လျှင်၊ ငါ တို့သည် ခါရန် မြို့က လာကြသည်ဟုပြော ဆိုလေ၏။