ကမ္ဘာဦးကျမ်း 11:4
လာ ကြ၊ မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား မည်ကို စိုးရိမ် ၍၊ မြို့ ကို ၎င်း ၊ မိုဃ်းကောင်းကင် သို့ မှီရသော ရဲတိုက် ကို၎င်း တည် လုပ်သဖြင့် ၊ ကျော်စော ကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 6:4ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။
Deuteronomy 1:28ငါ တို့သည် အဘယ်သို့ သွား ရမည်နည်း။ ညီအစ်ကို တို့က၊ ထို ပြည်သားတို့သည် ငါ တို့ထက်သာ၍ကြီး ၏။ အရပ်လည်း သာ ၍မြင့် ၏။ မြို့ လည်း မိုဃ်း ကောင်းကင်သို့ ထိသော မြို့ရိုး လည်း ရှိ၏။ ထို ပြည်၌ လည်း ၊ အာနက အမျိုးသား တို့ကို မြင် ရ၏ဟု ငါတို့စိတ် ကို ဖျက် ကြပြီဟု သင် တို့သည် တဲ များ၌ ဆန့်ကျင် ဘက်ပြုကြ ၏။
Deuteronomy 9:1အို ဣသရေလ အမျိုး၊ နားထောင် လော့။ သင့် ထက် အားကြီး ၍ များပြား သော လူမျိုး တို့ကို၎င်း၊ မိုဃ်း ကောင်းကင်ကို ထိသော မြို့ရိုး နှင့် ပြည့်စုံသော မြို့ ကြီး တို့ကို၎င်း၊
Psalms 49:11မိမိ တို့အိမ် သည် ထာဝရ ဖြစ်လိမ့်မည်။ မိမိ တို့ နေရာ လည်း လူမျိုး အစဉ်အဆက်တည်လိမ့်မည်။ မိမိ တို့ နာမ သည် မြေ ပေါ် မှာ ကျော်စော လိမ့်မည်ဟု သူ တို့ စိတ် ထင်ရှိကြ၏။
Proverbs 10:7တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။
Daniel 4:22အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။