ကမ္ဘာဦးကျမ်း 11:6
ထာဝရဘုရား က ကြည့်ရှု လော့။ လူ တ မျိုးတည်း ၊ စကား တ မျိုးတည်း ရှိသည်ဖြစ်၍၊ သူ တို့သည် ဤ အမှုကို အဦး ပြု ကြ၏။ ယခု ကြံစည် သမျှ တို့ကို အဆီး အတားမ ရှိ၊ သူ တို့ပြု ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 6:5မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
Genesis 9:19ဤ သူတို့သည် နောဧ ၏ သား သုံး ယောက်ဖြစ်၍ မြေကြီး တပြင်လုံး ၌ နှံ့ပြား ကြ၏။
Judges 10:14သင်တို့ ရွေးယူသော ဘုရား တို့ကို သွား ၍ ဟစ်ကြော် ကြလော့။ အမှု ရောက်သော ယခု ကာလ ၌ သူ တို့သည် ကယ်နှုတ် ကြစေဟု ဣသရေလ အမျိုးသားတို့အား မိန့် တော်မူ၏။
Psalms 2:1လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
Luke 1:51လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။