ကမ္ဘာဦးကျမ်း 14:5
တဆယ် လေး နှစ် မြောက်လျှင် ၊ ခေဒေါရလောမာ မင်းသည်၊ မိမိ ဘက်ကနေသော မင်းကြီး တို့နှင့်တကွ လာ ၍ ၊ အာရှတရုတ်ကာနိမ် မြို့၌ ၊ ရေဖိမ် လူများကို၎င်း ၊ ဟာမ မြို့၌ ဇူဇိမ် လူများကို၎င်း ၊ ကိရယသိမ် ချိုင့်၌ ဧမိမ် လူများကို၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
6စိရ တောင် ပေါ် မှာဟောရိ လူများကို၎င်း လုပ်ကြံ၍၊ တော နား မှာရှိသော ဧလပါရန် မြို့တိုင်အောင် လိုက်ကြ၏။
Cross References
Genesis 15:20ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ရေဖိမ် လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိ လူ၊ ယေဗုသိ လူတို့ကို၎င်း၊
Deuteronomy 2:10ရှေး ကာလ၌ အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ၊ ဧမိမ် အမျိုးသားတို့သည် ထိုပြည် မှာ နေ ကြ၏။
Deuteronomy 3:11အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။
Deuteronomy 3:22ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။
Joshua 13:12အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ မင်းပြု သော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ တရှောက်လုံး ပါသတည်း။ ထိုမင်း တို့ကို မောရှေ သည် လုပ်ကြံ ၍ ပယ်ရှား လေ၏။
Joshua 13:31ဂိလဒ် ပြည်တဝက် ၊ ဗာရှန် ပြည်၌ ဩဃ ၏ နိုင်ငံ အဝင်၊ အာရှတရုတ် မြို့နှင့် ဧဒြိ မြို့တို့ကို မနာရှေ သား မာခိရ ၏ သား မြေးတဝက် အဆွေ အမျိုးအလိုက် ပိုင်ရကြ၏။