ကမ္ဘာဦးကျမ်း 18:21
ယခု ငါသွား ၍ ငါ့ ရှေ့သို့ရောက် ခဲ့ပြီးသော ကြွေးကြော် ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မ ပြုသည်ကို ငါကြည့်ရှု မည်။ မ ပြု လျှင် မပြုကြောင်း ကို ငါသိ မည် ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 11:5ထိုသို့ လူ သား တို့တည် လုပ်သော မြို့ နှင့် ရဲတိုက် ကို ကြည့်ရှု ခြင်းငှါ ၊ ထာဝရဘုရား သည် ဆင်းသက် တော်မူ ၏။
Exodus 3:8သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
Deuteronomy 8:2သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
Joshua 22:22မြတ် စွာဘုရား သခင် ထာဝရဘုရား ၊ မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။
Psalms 90:8အကျွန်ုပ် တို့၏ ဒုစရိုက် များကို ရှေ့ တော်၌ ၎င်း၊ ဝှက်ထား သောအကျင့် များကို မျက်နှာ တော်အလင်း ထဲ၌ ၎င်း၊ လှန်ထား တော်မူ၏။
Jeremiah 17:1ယုဒ အမျိုး၏ အပြစ် သည် သံ ကညစ် ၊ စိန် ချွန် နှင့် သူတို့နှလုံး ပြား ၌၎င်း ၊ ယဇ်ပလ္လင် ဦးချို ၌ ၎င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ၏။