ကမ္ဘာဦးကျမ်း 2:25
ထို သူလင်မယား နှစ် ဦးတို့သည် အဝတ် မဝတ်ဘဲ နေ၍၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
And they were both naked, the man and his wife, and were not ashamed.
In Context
Cross References
Genesis 3:7ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။
Exodus 32:25ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊
Psalms 31:17အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို ဆုတောင်း ပဌနာပြုပါသည်ဖြစ်၍ ၊ ရှက်ကြောက် ခြင်းမ ရှိ ပါစေနှင့်။ လူဆိုး တို့မူကား၊ အရှက် ကွဲလျက်မရဏာ နိုင်ငံ၌ တိတ်ဆိတ် စွာနေကြပါစေသော။
Isaiah 47:3သင် သည် အဝတ်အချည်းစည်း ရှိ၍ ၊ အရှက် ကွဲ ခြင်းကိုခံရမည်။ ငါသည် အပြစ်ဒဏ် ကိုပေး မည်။ အဘယ်သူ နှင့်မျှ မိဿဟာယ မ ဖွဲ့။
Jeremiah 6:15သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Ezekiel 16:61သင် သည် ဝန်ခံခြင်းပဋိညာဉ် ကို မ စောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့်သင် ၏ညီအစ်မ တို့ကို သင် ၏သမီး ဖြစ်ဘို့ ရာငါပေး ၍ ၊ သင် သည် ထိုသူတို့ကို လက်ခံ သောအခါ ၊ သင် ပြု မိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက် ရလိမ့်မည်။