ကမ္ဘာဦးကျမ်း 2:9
ထို မြေ ထဲက အဆင်း လှ၍၊ စားဘွယ် ကောင်း သော အပင် အမျိုးမျိုး ကို ထာဝရ အရှင်ဘုရား သခင်ပေါက် စေတော်မူ၏။ ထိုဥယျာဉ် အလယ် ၌ အသက် ပင် လည်း ရှိ၏။ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင် လည်း ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 3:3ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။
Genesis 3:22ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။
Proverbs 3:18ပညာ ကို ကိုင်ဆွဲ သောသူသည်အသက် ပင် ကို ရပြီ။ လက် မလွှတ်သောသူသည် မင်္ဂလာ ရှိ၏။
Isaiah 44:25ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။
Ezekiel 31:8ဘုရားသခင် ၏ ဥယျာဉ် တော်၌ အာရဇ် ပင်တို့ သည် ထိုအပင် ကို မ ကွယ် နိုင်။ ထင်းရူး ပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက် နှင့်မ ပြည့်စုံ ကြ။ ဘုရားသခင် ၏ ဥယျာဉ် တော်၌ သစ်ပင် တပင် မျှ ထိုအပင် ကဲ့သို့ အဆင်း မ လှ။
Ezekiel 31:18သင်သည် ဘုန်း တန်ခိုးအာနုဘော် အားဖြင့် အဘယ်မည် သော ဧဒင် သစ်ပင် နှင့် တူသနည်း။ သင် သည် ဧဒင် သစ်ပင် တို့နှင့်အတူ မြေ အောက် အရပ်သို့ နှိမ့်ချ ခြင်းကိုခံရမည်။ အရေဖျား လှီးခြင်းကို မခံသောလူ၊ ထား ဖြင့်အသေ ခံရသောသူတို့နှင့်အတူ လဲ ၍နေရမည်။ ထိုသို့ ဖာရော ဘုရင်နှင့် သူ့ အလုံးအရင်း ရှိသမျှ တို့သည် ဖြစ်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။