ကမ္ဘာဦးကျမ်း 20:9
အာဗြဟံ ကို လည်း အဘိမလက် ခေါ် ၍ ၊ သင် သည် ငါ တို့၌ အဘယ်သို့ ပြု သနည်း။ သင့် ကို ငါတို့သည် အဘယ်သို့ ပြစ်မှား သောကြောင့် ၊ သင်သည် ငါ ၌ ၎င်း ငါ့ နိုင်ငံ ၌ ၎င်း၊ ကြီးစွာ သော အပြစ် ကိုရောက် စေသနည်း။ သင်သည် မ ပြု အပ်သောအမှု ကို ငါ ၌ ပြု ပါသည်တကားဟု ဆို လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
10တဖန် အဘိမလက် က၊ သင်သည် အဘယ် အမှုကို မြင် ၍ ဤ သို့ပြု သနည်းဟု အာဗြဟံ ကိုမေး လျှင်၊
Cross References
Genesis 26:10အဘိမလက် မင်းကလည်း ၊ ငါ တို့၌ သင်ပြု သောအမှု ကား အဘယ်သို့ နည်း။ တစုံတယောက် သောသူသည်၊ သင် ၏မယား နှင့် အမှတ်တမဲ့ သင့် နေလျှင်၊ ငါ တို့ ခေါင်းပေါ် မှာ သင်သည် အပြစ် ရောက် စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
Genesis 38:24ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
Exodus 32:21အာရုန် ကို လည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီး သော အပြစ် ကို ရောက် စေခြင်းငှါ သူ တို့သည် သင် ၌ အဘယ်သို့ ပြု သနည်းဟုမေး လျှင်၊
Leviticus 20:10သူ့ မယား ကို ပြစ်မှား သောသူသည်၊ မှားယွင်း သော မိန်းမနှင့်တကွ အသေ သတ်ခြင်းကို အမှန်ခံရမည်။
1 Samuel 26:18တဖန် ဒါဝိဒ်က၊ သခင် သည် ကိုယ်တော် ကျွန် ကို အဘယ်ကြောင့် ဤသို့ လိုက် ၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ ပြု ပါသနည်း။ ကျွန်တော် ၌ အဘယ် အပြစ် ရှိပါသနည်း။
2 Samuel 12:10ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။