ကမ္ဘာဦးကျမ်း 22:20
ထိုနောက်မှ ၊ အာဗြဟံ ကြား သော သိတင်းစကား ဟူမူကား ၊ သင် ၏အစ်ကို နာခေါ် မယားမိလခါ သည် သား ကို ဘွား မြင်လေပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
21သား အကြီးဟုဇ ၊ သူ့ ညီ ဗုဇ ၊ အာရံ အဘ ကေမွေလ၊
Cross References
Genesis 11:26တေရ သည် အသက် ခုနစ် ဆယ်ရှိ သော်၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
Genesis 11:29အာဗြံ နှင့် နာခေါ် သည် မယား ကို ယူ ၍ ၊ အာဗြံ ၏ မယား ကား၊ စာရဲ အမည် ရှိ၏။ နာခေါ် ၏ မယား ကား၊ ခါရန် ၏သမီး မိလခါ အမည် ရှိ၏။ ခါရန်သည် မိလခါ နှင့် ဣသခ ၏အဘ ဖြစ်သတည်း။
Genesis 24:10ထိုကျွန် သည်လည်း ၊ မိမိ သခင်၏ဥစ္စာ ရှိသမျှ ကို စီရင် သော သူဖြစ်၍၊ သခင် ၏ကုလားအုပ် စုထဲက ၊ ကုလားအုပ် ဆယ် စီးကိုယူ ၍ထ သွား သဖြင့် ၊ မေသောပေါဘာမိ တိုင်း၊ နာခေါ် မြို့ သို့ ရောက် လေ၏။
Genesis 24:24မိန်းမက၊ ကျွန်ုပ် သည် နာခေါ် ၏မယားမိလခါ ဘွား မြင်သော၊ ဗေသွေလ ၏သမီး ဖြစ်သည်ဟူ၍၎င်း၊
Proverbs 25:25ဝေး သောပြည် မှ ရောက်လာသောဝမ်းမြောက် စရာ သိတင်း စကားသည် ရေငတ် သောသူ ၌ ချမ်းဧ သောရေ ကဲ့သို့ဖြစ်၏။