ကမ္ဘာဦးကျမ်း 24:14
အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက် ခြင်းငှါသင် ရေ ဘူးကို ချ ပါဟုဆို သော်၊ သောက် ပါ၊ သင် ၏ကုလားအုပ် တို့ကိုလည်း ရေ တိုက်ပါမည်ဟု၊ ပြန် ဆိုသော သမီး သည်၊ ကိုယ်တော် ၏ကျွန် ဣဇာက် ဘို့ ခန့်ထားတော်မူ သောသူဖြစ် ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ် ၏ သခင် ၌ ကျေးဇူး ပြု တော်မူကြောင်း ကို၊ အကျွန်ုပ်သိ ရပါ မည်ဟု လျှောက်ဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 15:8အရှင် ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေ ခံရမည်ကို အဘယ်သို့ သိ ရပါအံ့နည်းဟု မေးလျှောက် လေ၏။
Genesis 24:44သောက် ပါ။ သင် ၏ကုလားအုပ် တို့ဘို့ လည်း ရေခပ် ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော် ကျွန် ၏သား ဘို့ ၊ ခန့်ထား တော်မူသောမိန်းမ ဖြစ်ပါစေ သောဟု လျှောက်ဆို ၏။
Judges 6:17ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာရ ပါလျှင် အကျွန်ုပ် နှင့် ယခု နှုတ်ဆက် တော်မူကြောင်း ထင်ရှားသော နိမိတ် လက္ခဏာကို ပြ တော်မူပါ။
Judges 7:13ဂိဒေါင် သည် ရောက် သောအခါ ၊ လူ တယောက်သည် မိမိမြင်မက် သော အိပ်မက် ကို မိမိ အပေါင်းအဘော် အား ပြန် ပြောသည်မှာ၊ ငါမြင်မက် သည်ကား၊ မုယော မုန့် တပြား သည် မိဒျန် တပ် ထဲ သို့ လိမ့် ၍ တဲ တဆောင်ကို တွေ့လျှင်၊ ထိခိုက် မှောက်လှန် ဖြိုချ လေ၏ဟု ဆို သော်၊
1 Samuel 6:7ယခု မှာ လှည်း သစ် ကိုလုပ် ပြီးမှထမ်းပိုး မ တင် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့နေရာ သို့ ပို့ ကြလော့။
1 Samuel 14:8ယောနသန် က၊ ထိုလူ တို့ဆီ သို့ သွား ၍ ကိုယ်ကို ပြ ကြကုန်အံ့။