ကမ္ဘာဦးကျမ်း 24:49
ယခု တွင်သင် တို့သည်၊ ကျွန်ုပ် သခင် ၌ သစ္စာ နှင့် ကျေးဇူး ပြုမည်၊ မ ပြုမည်ကို ပြော ပါ။ ကျွန်ုပ် သည်လည်း ၊ လက်ျာ လမ်းဖြစ်စေ ၊ လက်ဝဲ လမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 32:10ကိုယ်တော် ကျွန် ၌ ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကား ၊ အပေါင်းအသင်း နှစ် စုဖြစ် ပါ၏။
Numbers 20:17ကိုယ်တော့် ပြည် အလယ် ၌ရှောက် ၍ သွားပါရစေ။ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မ နင်း ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ ကိုယ်တော့် ပြည်နယ် ကို မ လွန် မှီတိုင်အောင်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု တောင်းပန်စေ၏။
Joshua 2:14ထိုသူတို့က၊ သင်သည် ငါ တို့အမှု ကို မ ဘော် မပြ လျှင် သင့် အသက်အတွက် ငါ တို့အသက် သည် အာမခံ ဖြစ်စေတော့။ ဤပြည် ကို ထာဝရဘုရား ပေး တော်မူသောအခါ ၊ သင် ၌ သစ္စာ စောင့်၍ ကျေးဇူး ပြု မည်ဟု ဝန်ခံ ကြ၏။