ကမ္ဘာဦးကျမ်း 25:5
အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။
မြန်မာကျမ်းစာ
In The King James Version
And Abraham gave all that he had unto Isaac.
In Context
Cross References
Genesis 24:36ကျွန်ုပ် သခင် ၏မယား စာရာ သည်၊ သခင် အသက် အိုသောအခါ ၊ သူ့အားသား ကို ဘွားမြင် သဖြင့် ၊ ထို သားအား ဥစ္စာရှိသမျှ ကိုသခင်သည် အပ်ပေး ပြီ။
Matthew 11:27ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
John 3:35ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။
Romans 8:17သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။
Romans 9:7ထိုနည်းတူအာဗြဟံ ၏ အမျိုးအနွယ် ဖြစ် သော သူအပေါင်း တို့သည် အာဗြဟံ၏သား မှန်မ ဟုတ်။ ဣဇာက် ၌ သာ သင် ၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ် တော်ရှိ၏။
Galatians 3:29ခရစ်တော် နှင့် စပ်ဆိုင်လျှင် အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိ တော်အတိုင်း အမွေခံ ၏ အရာ၌ တည်ကြ၏။