ကမ္ဘာဦးကျမ်း 26:4
သင် ၏အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ များပြား စေမည်။ သင် ၏အမျိုးအနွယ် အား လည်း ၊ ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အမျိုးအနွယ် အားဖြင့် လည်း ၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 12:2ငါသည် သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။ ငါ ကောင်းကြီး ပေး၍ သင် ၏နာမ ကို ကြီးမြတ် စေမည်။ သင် သည် ကောင်းကြီး ခံရသောသူဖြစ် လိမ့်မည်။
Genesis 13:16သင် ၏အမျိုး အနွယ်ကို မြေ မှုန့် ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူ သည်မြေ မှုန့် ကို ရေတွက် နိုင် လျှင် ၊ သင် ၏ အမျိုး အနွယ်ကို ရေတွက် နိုင်ကြလိမ့်မည်။
Genesis 15:18ထို နေ့ ၌ ထာဝရဘုရား သည် အာဗြံ နှင့် ပဋိညာဉ် ပြု တော်မူလျက်၊ အဲဂုတ္တု မြစ် မှစ၍ မြစ် ကြီး တည်းဟူသော၊ ဥဖရတ် မြစ် တိုင်အောင်၊ ဤ ပြည် ကို၎င်း၊.
Genesis 18:18အာဗြဟံ သည် ကြီးမြတ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော လူမျိုး ဖြစ် လိမ့်မည်။ လူမျိုး အပေါင်း တို့သည် သူ့ အားဖြင့် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
Genesis 22:18သင် ၏အမျိုးအနွယ် အားဖြင့် ၊ လူမျိုး ပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကား ကို သင်နားထောင် သော ကြောင့် ၊ ငါသည်ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို ၏ဟု ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့် ဆိုလေ၏။
Psalms 72:17နာမတော် သည် အစဉ် အမြဲတည် လိမ့်မည်။ နေ သည် တည်သမျှသောကာလ ပတ်လုံး နာမ တော်တိုးပွား လိမ့်မည်။ ကျေးဇူး တော်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။