ကမ္ဘာဦးကျမ်း 3:10
လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံ ကို ကျွန်တော်ကြား လျှင်၊ အဝတ် အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်း လျက် နေပါသည်ဟု လျှောက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
9ထာဝရ အရှင် ဘုရား သခင်ကလည်း ၊ သင် သည် အဘယ် မှာရှိသနည်းဟု၊ လူ ကိုခေါ် တော်မူ၏။
Cross References
Genesis 3:7ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။
Exodus 32:25ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊
Psalms 119:120ကိုယ်တော် ကို ထိတ်လန့် သဖြင့် ၊ အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍ ၊ စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။
Isaiah 47:3သင် သည် အဝတ်အချည်းစည်း ရှိ၍ ၊ အရှက် ကွဲ ခြင်းကိုခံရမည်။ ငါသည် အပြစ်ဒဏ် ကိုပေး မည်။ အဘယ်သူ နှင့်မျှ မိဿဟာယ မ ဖွဲ့။
1 John 3:20အကြောင်းမူကား ၊ ကိုယ် စိတ် နှလုံးသည် ကိုယ် ကိုအပြစ်တင် လျှင် ၊ ဘုရားသခင် သည် ငါ တို့၏ စိတ် နှလုံး ထက်သာ၍ကြီးမြတ် သည်ဖြစ် ၍၊ အလုံးစုံ တို့ကို သိ တော်မူသည်ကို ငါတို့သိကြ၏။
Revelation 16:15နိမိတ် လက္ခဏာတို့ကိုပြ သော နတ်ဆိုး ၏ ဝိညာဉ် ဖြစ် သတည်း။ ထိုဝိညာဉ်တို့သည် လောကီ တ နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင် တို့ထံသို့ ထွက်သွား ၍ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ နေ့ ကြီး ၌ စစ်တိုက် ခြင်းအလိုငှာ စုဝေး စေကြ၏။