ကမ္ဘာဦးကျမ်း 31:10
ထိုတိရစ္ဆာန် များတို့သည်၊ ရှက်တင် ကြသောအခါ ၊ ငါ မြော် ကြည့် ၍ ၊ တိရစ္ဆာန်မတို့နှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက် ၌ ငါမြင် ရ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
9ထိုသို့ ဘုရားသခင် သည်၊ သင် တို့အဘ ၏ တိရစ္ဆာန် တို့ကို နှုတ် ၍ ငါ့ အား ပေး တော်မူပြီ။
Cross References
Genesis 20:6ထိုအိပ်မက် ၌ ဘုရားသခင် ကလည်း ၊ မှန် ပေ၏။ သင် သည် ဖြောင့်မတ် သောသဘော နှင့် ပြု သည်ကို ငါသိ ၏။ သင် သည်ငါ့ ကို မပြစ်မှား စေခြင်းငှါ၊ သင့် ကို ငါ ဆီးတား ပြီး။ သို့ဖြစ်၍ ထိုမိန်းမ နှင့် ပေါင်းဘော် ရသောအခွင့်ကို ငါမ ပေး။
Genesis 30:39သိုး ဆိတ်တို့သည် တံဖျာ များရှေ့ မှာ ရှက်တင် ၍ ၊ အပြောက် အကျား စသည်တို့ကို ဘွား ကြ၏။
Numbers 12:6ထာဝရဘုရားကလည်း၊ ငါ့ စကား ကို နားထောင် ကြလော့။ သင် တို့တွင် ပရောဖက် ရှိ လျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံ အားဖြင့် ကိုယ်ကိုပြ မည်။ သို့မဟုတ်အိပ်မက် အားဖြင့် ဗျာဒိတ် ပေးမည်။
1 Kings 3:5ထိုမြို့၌ ထာဝရဘုရား သည် ညဉ့် အခါ အိပ်မက် တွင် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည်ဆုကို တောင်း လော့ဟု ဘုရား သခင်မိန့် တော်မူ၏။