ကမ္ဘာဦးကျမ်း 31:39
သားရဲ ကိုက်သတ်သော အကောင်ကိုသင့် ထံ သို့ကျွန်ုပ်မ ဆောင် ခဲ့၊ ကိုယ် အရှုံး ခံရ၏။ နေ့ မှာ ခိုး သည် ဖြစ်စေ ၊ ည မှာခိုး သည်ဖြစ်စေ၊ သင်သည် ကျွန်ုပ် တွင် အစားတောင်း လေ့ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 22:9သူ့ဥစ္စာကို ပြစ်မှားသည် အမှု မှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ် အစ ရှိသောပျောက်သော ဥစ္စာ တစုံတခု ကို တွေ့၍၊ ဤ ဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆို လျှင်၊ အမှု သည် နှစ်ဦး တို့သည် ဘုရား သခင်ရှေ့ တော်၌အစစ်ခံရ၍၊ တရား ရှုံးသော သူသည် နှစ်ဆ လျော် ရမည်။
Exodus 22:12သို့ရာတွင် သူတပါးခိုး သွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာ ရှင် အား ပြန်ပေး ရမည်။
Leviticus 22:8အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Luke 2:8ထိုပြည် မှာ သိုးထိန်း တို့သည် ညဉ့် အခါ တော အရပ်၌ တည်းခို လျက်၊ မိမိ သိုးစု ကိုစောင့် နေကြသည် ဖြစ် ၍၊